အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( ၁၁ )

ဒီတပါတ်မှာတော့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြည်ထောင်စုနေ့ အိပ်မက်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တုန့်ပြန်မှုတွေ အကြောင်း ဆွေးနွေးသွားပါမယ်။ ဗိုလ်ချုပ်မှူးကြီး စီစဉ်နေတဲ့ ဗိုလ်ရှုခံ အခန်းအနားနဲ့ ထာဝရ ငြိမ်းချမ်းရေး အတွက် အကြိုဆွေးနွေးပွဲတွေရဲ့ ရည်ရွယ်ချက်က ဘာတွေလဲ၊ အောင်မြင်နိုင်ချေ ဘယ်လောက် ရှိမလဲ ဆိုတာတွေကို ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။

သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ်လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။