အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( ၁၀ )

ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -

  • ကြားကာလအတွင်း စစ်ကောင်စီနဲ့ ညှိနှိုင်းပြီး နိုင်ငံရေး အဖြေရှာဖို့ လမ်းစမရှိဘူးလို့ ဗိုလ်ချုပ်ကြီး အင်ဘန် လ က ပြောဆိုလိုက်ပါတယ်။

  • ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရတယ်လို့ သိရပါတယ်။

  • KNU က အခု ၂၀၂၂ ခုနှစ်ဟာ မတရားမှုကို အလဲထိုးမယ့်နှစ်လို့ သတ်မှတ်ပြီး စစ်အာဏာရှင်ကျဆုံး၊ ပြည်သူ တွေ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

  • နိုင်ငံတကာသတင်းတွေဘက်မှာတော့ နှစ်စဉ်ပြုလုပ်တဲ့ အမေရိကန်ဦးဆောင်တဲ့ ရွှေမြွေဟောက် စစ်ရေး လေ့ကျင့်ခန်းတွေမှာ မြန်မာနိုင်ငံက ဒီနှစ်မှာ လေ့လာသူအဖြစ် ပါဝင်မှာ မဟုတ်တော့ဘူးဆိုတဲ့ သတင်းတွေ နဲ့အတူ တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွား မှာပါရှင်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။