အပတ်စဉ် တိုင်းရင်းသားရေားရာ သတင်းသုံးသပ်ချက် ( ၁၀ )
ဒီတပါတ်မှာတော့ မကြာသေးခင်က အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC က ကျင်းပသွားတဲ့ ပြည်သူ့ ညီလာခံရလာဒ်တွေ အပေါ်မှာ သုံးသပ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီညီလာခံကြီးက သဘောတူ လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွက် လုံလောက်ပြီလား။ ဒီကနေ့ ပြည်သူတွေနဲ့ အတူ ဆင်နွဲနေတဲ့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက်ကော ဘယ်လောက်အဆင့်ထိ ပံ့ပိုးမှု ရနိုင်မလဲ ဆိုတာတွေကို သုံးသပ် ဆွေးနွေးသွားမှာဖြစ်ပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။