အပတ်စဉ် သတင်းထုတ်လွှင့်ချက် - (၉)
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
-ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း ၁ နဲ့ ၂ ကို ပြည်သူ့ညီလာခံကနေ အတည်ပြုလိုက်ပါတယ်။
စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဆိုင်မဖွင့်ရင် ဆိုင်ခန်းနဲ့ ပစ္စည်းတွေသိမ်းမယ်လို့ ခြိမ်းခြောက်တဲ့သတင်း၊
ရှမ်း-ကရင်နီနယ်စပ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ပစ်ခတ်၊ လွိုင်ကော်က အပြစ်မဲ့ပြည်သူတွေ ဆက်တိုက် အသတ်ခံနေရတဲ့ သတင်း။
မုံးကိုးက စစ်ရှောင်တွေ ရေရှည်ရပ်တည်ရေးအတွက် အခက်အခဲဖြစ်နေတဲ့သတင်းနဲ့အတူ တိုင်းရင်းသား ဒေသတွေထဲက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။