အပတ်စဥ် သတင်းထုတ်လွှင့်ချက် - (၈)
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
ကသာမှာ PDF, ABSDF တို့ ပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ရာ ၇ ယောက်ထက်မနည်း သေဆုံးခဲ့ပါ တယ်။
ထားဝယ်က စစ်ရှောင် ၈၀၀ ကျော်အတွက် အရေးပေါ် အကူအညီတွေလိုအပ်နေပါတယ်။
ရှမ်းမြောက် သီပေါမြို့နယ်ထဲက ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတစ်လျှောက် စစ်ကောင်စီတပ်က လုံခြုံရေးယူထားပြီး မြေမြုပ်မိုင်းတွေလည်း ထောင်ထားတဲ့အတွက် ဒေသခံတွေ အခက်တွေ့နေရပါတယ်။
နောက်ပြီး ကချင်ပြည်နယ်ထဲက တရုတ်နယ်စပ်ဂိတ်တစ်ဂိတ်ဖြစ်တဲ့ လွယ်ဂျယ်ဂိတ်ဖွင့်လိုက်ပေမယ့် ထုတ်ကုန် သွင်းကုန်တွေ ကန့်သတ်မှုတွေရှိနေပါတယ်။ ဒီသတင်းတွေနဲ့အတူ တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။