အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( ၈ )
ဒီတပါတ်မှာတော့ နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ International Crisis Group ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အစီရင်ခံစာ နဲ့ ပါတ်သက်ပြီး ဆွေးနွေး သုံးသပ်သွားမှာ ဖြစ်ပါတယ်။ ICG ဆိုတာဘာလဲ၊ ဘယ် လောက် အလေးထားဖို့လိုသလဲ၊ သူ့ရဲ့ အစီရင်ခံစာမှာ ဘာတွေကို သုံးသပ်ထားသလဲ၊ အစီရင်ခံစာရဲ့ ဖြစ်နိုင် ချေက ဘာလဲ ဆိုတာတွေကို သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။