အပတ်စဉ် သတင်း ထုတ်လွှင့်ချက် - ( ၇ )
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
စစ်ကိုင်းတိုင်း မိုးတားကြီးရွာကို စစ်ကောင်စီက လေယာဉ်နှစ်ဦးနဲ့ တိုက်ခိုက်ခဲ့လို့ ကလေးတွေအပါအဝင် ရွာသားတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကရင်နီပြည်နယ်ထဲက စစ်ရှောင်ပြည်သူတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာကို KNPP က တောင်းဆို လိုက်ပါတယ်။
နောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ထိုးစစ်ဆင်နေတဲ့ကြားက ကရင်နီပြည်နယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စစ်ကောင်စီက ကမ်းလှမ်းလိုက်တဲ့ အကြောင်းနဲ့ အတူ တိုင်းရင်းသားဒေသတွေက တခြားစိတ် ဝင် စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။