အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( ၆ )
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
ကရင်နီပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်ဦးကို KNDF အဖွဲ့တွေက ပစ်ချနိုင်ခဲ့သလို ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်းကိုလည်း ကရင်နီတပ်မတော်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ရှမ်းမြောက်၊ ကွတ်ခိုင်မှာ TNLA က စစ်တပ်နဲ့ ဆက်စပ်တဲ့ ထုတ်ကုန်တွေကို ဖျက်ဆီးခဲ့ပါတယ်။
ယူနက်စကို အဖွဲ့ကြီးရဲ့ အထွေထွေ ဒါရိုက်တာက ဖက်ဒရယ်ဂျာနယ် အယ်ဒီတာ သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဒီသတင်းတွေနဲ့အတူ တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။