အပတ်စဉ် သတင်းထုတ်လွှင့်ချက် - (၅)

ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -

  • ကရင်နီပြည်နယ်ထဲမှာ ကရင်နီပူပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား ဆက်တိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေယာဉ်တွေနဲ့ပါ ထိုးစစ်ဆင်နေပါတယ်။

  • စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူရေးနဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ပေးဖို့ NUG ယာယီ သမ္မတ က နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။

  • မွန်ပြည်နယ်ထဲမှာ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ယောက်ကို စစ်ကောင်စီက ထောင်ဒဏ် အမိန့်ချမှတ်တာ တွေ ဆက်တိုက်ရှိလာနေတဲ့အကြောင်းနဲ့အတူ တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေ ကို တင်ဆက်ပေးသွားမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။