အပတ်စဉ် တိုင်းရင်းသား ရေးရာ သတင်းသုံးသပ်ချက် - (၅)

ဒီတပါတ်မှာတော့ အရင် တပါတ်က မထုတ်လွှင့် ဖြစ်တဲ့ ခွန်းမားကိုဘန်းနဲ့ မေးမြန်းထားတဲ့ ဖက်ဒရယ်ရေးရာ သုံးသပ်ချက်ကို ဆက်ပြီး ထုတ်လွှင့်သွားပါမယ်။ ဒီတပါတ်မှာတော့ ၈ လေးလုံးနောက်ပိုင်း ဗမာ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအကြား နီးစပ်မှုတွေ ဘယ်လိုရလာသလဲ။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အလားအလာတွေ ဘယ်လောက် နီးကပ်ခဲ့သလဲ။ ဘာလိုတွေ ကြောင့် ပြန်ပြီး ဝေးကွာသွားခဲ့ကြသလဲ ဆိုတာတွေကို တင်ဆက်သွားမှာပါ။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။

သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။