ACCURACY CHECK - 5
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့
KNU က PDF တွေကို မောင်းထုတ်တယ်ဆိုတဲ့ သတင်းမှားတပုဒ်အကြောင်း
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက နတ်ချောင်းရွာကို PDF တွေ မီးရှို့တယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေထားတဲ့အကြောင်းနဲ့
ထန်တလန် ဓါတ်ပုံတွေကို လေးကေ့ကော် ဓါတ်ပုံဆိုပြီး ဓါတ်ပုံသတင်းမှား ဖြန့်ဝေထားတဲ့ အကြောင်းတွေကို ကြားကြရမှာပါ။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။