အပတ်စဉ် သတင်းထုတ်လွှင့်ချက် - (၄)

ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -

  • ကရင်နီပြည်နယ်ထဲမှာ အရပ်သားတွေကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်တဲ့နေရာမှာ Save the Children ဝန်ထမ်းနှစ်ယောက် ပျောက်ဆုံးနေပါတယ်။

  • ကချင်နဲ့ ကရင်ပြည်နယ်ထဲ ဒီရက်ပိုင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်း၊

  • နောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန် ခရစ္စမတ်ရာသီမှာ မြန်မာနိုင်ငံထဲက ခရစ်ယာန်အများစု နေ ထိုင်တဲ့ တိုင်းရင်းပြည်နယ်တွေမှာ ခရစ်တော်မွေးဖွားတဲ့နေ့ကို ဘယ်လိုမျိုး ဖြတ်သန်းကြိုဆိုကြသလဲ၊ အရင် နှစ်ခရစ္စမတ်နဲ့ ဘာကွာသွားလဲ ဆိုတဲ့ သတင်းဆောင်းပါးနဲ့အတူ တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စား စရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။