အပတ်စဉ် တိုင်းရင်းသား ရေးရာ သတင်းသုံးသပ်ချက် - (၄)

ဒီတပါတ်မှာတော့ ကရင်ပြည်နယ်အတွင်း ကရင့်အမျိုးသား အစည်းအရုံး KNU နဲ့ စစ်ကောင်စီ တို့ အကြား စစ်ရေး တင်းမာလာပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာနေတဲ့ အကြောင်းနဲ့ အဲဒီ တိုက်ပွဲ အကျိုးဆက်တွေက ဘာ တွေဆက်ဖြစ်လာမလဲ ဆိုတာကို သုံးသပ်တင်ပြထားပါတယ်။ နောက်တပါတ်မှာတော့ ဖက်ဒရယ်ရေးနဲ့ ပါတ်သက်ပြီး ခွန်းမာကိုဘန်းနဲ့ မေးမြန်းထုတ်လွှင့်မှုကို တင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် စောင့်မျှော် နား ထောင်ပေးကြဖို့ ပန်ကြားအပ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို Download လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။

သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။