အပတ်စဉ် သတင်း ထုတ်လွှင့်ချက် ( ၃ )

ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရှမ်းမြောက် ကွတ်ခိုင်မှာ စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။ လားရှိုးနဲ့ မုံးကိုးခရိုင် ထဲမှာလည်း စစ်ကောင်စီတပ်နဲ့ MNDAA တို့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

  • လေးကေကော်တိုက်ပွဲဟာ စစ်ကောင်စီဘက်က နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွား ရတာလို့ KNU က ပြောပါတယ်။

  • လေးကေ့ကော်မှာ ဖမ်းဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဆက်သွယ်တယ်ဆိုပြီး ဧရာဝတီတိုင်း၊ မြောင်းမြမြို့ခ ၇ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။ လေးကေ့ကော်တိုက်ပွဲအတွင်းက စစ်ရှောင် ၂၀၀၀ ကျော်လောက် တောထဲမှာပိတ်မိနေတဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။