အပတ်စဉ် သတင်း ထုတ်လွှင့်ချက် (၂)
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
ရှမ်းမြောက် ကျောက်မဲက ပညာရေးမှူးရုံး ဗုံးခွဲခံရပြီး ဒေသခံနှစ်ယောက်ကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီး သွားပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲမှာ KNU၊ ဒေသခံ PDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ် ပွားနေပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူနေချိန် ကမ္ဘောဒီးယားအနေနဲ့ မြန်မာစစ်ကောင်စီကို လိုက်လျောတာ တွေ မလုပ်ဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
ရှမ်းမြောက် ကွတ်ခိုင်က အမျိုးသမီးကို မုဒိန်းကျင့်တဲ့ စစ်သား ထောင်ဒဏ် နှစ်နှစ်ဆယ် ချခံလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက သုံးသပ်ချက်နဲ့ အတူ တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ကျမတို့ရဲ့ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။