အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (၂)

သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီတပါတ်မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲလာတဲ့ အခြေအနေတွေဟာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အလားအလာကောင်းတွေ ဖြစ်သလား ဒါမှမဟုတ် ဘယ်လို ဆုတ် ယုတ်မှုတွေ ရှိသလဲ ဆိုတာကို ဖက်ဒရယ်ရေးရာ ကျွမ်းကျင်သူ ဝါရင့် နိုင်ငံရေး သမားကြီး ခွန်းမားကိုဘန်နဲ့ မေးမြန်း တင်ဆက်ထားပါတယ်။ ဒီတပါတ်မှာ ခွန်းမားကိုဘန်နဲ့ ဆွေးနွေးခြင်း အပိုင်း (၁) ကို တင်ဆက် သွား မှာ ဖြစ်ပါတယ်။