အပတ်စဉ် သတင်းအစီအစဉ် ( ၁ )
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ကျမတို့ရဲ့ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ထဲက သပိတ်စစ်ကြောင်းအကြမ်းဖက် ဖြိုခွင်းခံရပြီး ၄ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။
NLD ပါတီ နာယက သူရဦးတင်ဦးနဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီနေ့ တွေ့ဆုံ ခဲ့ပါတယ်။
-ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ KNDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ကွဲဖြစ်ပွားနေပြီး ထူးလွီဘီလာရွာက အိမ် ၇ လုံးထက်မနည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒီသတင်းတွေနဲ့အတူ တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။