အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 15 )
မတ်လ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီတပါတ်မှာတော့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ယိုဟီအီ ဆာဆာကာဝါရဲ့ ထိုင်းနိုင်ငံ ချင်းမိုင် ခရီးစဉ် အကြောင်းကို သုံးသပ် ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ နိပွန်ဖောင်ဒေးရှင်းက ဘာလဲ၊ ဘယ်လောက် အရေးပါ သလဲ။ ချင်းမိုင်မှာ ဘယ်သူတွေနဲ့ တွေ့သွားတာလဲ။ ဒါဟာ ဘယ်လို လမ်းကြောင်းမျိုးကို ဦးတည်နေသလဲ ဆို တာတွေကို သုံးသပ်ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ သတင်းနဲ့ မီဒီယာ ကွန်ရက်ရဲ့ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။