အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 21 )
ဧပြီလ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း လူနေအိမ်ပေါင်း ၉၀၀၀ ကျော် မီးရှို့ခံလိုက်ရပါတယ်။
ကရင်နဲ့မွန်ကို ဆက်ထားတဲ့ တံတားက ဂိတ်စခန်းတစ်ခု တိုက်ခိုက်ခံလိုက်ရပြီး တပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးသွားပါတယ်။
ဖားကန့်မှာ စျေးဝယ်ထွက်တဲ့ စစ်ကောင်စီကား မိုင်းခွဲတိုက်ခိုက်ခံလိုက်ရတဲ့သတင်း
သတင်းလွှာတွေထဲမှာတော့ ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ULA/AA တို့အကြားက တိုက်ပွဲအကြောင်း၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်စောမူတူးစေးဖိုးအပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့ကို စစ် ကောင်စီခေါင်းဆောင်က ဂုဏ်ထူးဆောင်ဆုတွေပေးလိုက်တဲ့အပေါ် KNU ပြောရေးဆိုခွင့်ရှိသူနဲ့ ဆက်သွယ် မေး မြန်းချက်တွေနဲ့အတူ တိုင်းရင်းသား ဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။