အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 20 )
ဧပြီလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
လေးကေ့ကော်က ဒီနေ့ဖြစ်ပွားနေတဲ့တိုက်ပွဲထဲမှာ စစ်ကောင်စီဘက်က အယောက် ၄၀ လောက် သေဆုံးခဲ့ပြီးနောက် လေကြောင်းကနေ ပစ်ကူမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
မကွေးနဲ့ချင်းအစပ်မှာတော့ စစ်ကြောင်းတစ်ကြောင်းက အရပ်သားပြည်သူ သုံးယောက်ကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
သထုံ စုပေါင်းရုံးထဲက ဗုံးပေါက်ကွဲမှုမှာ ရဲနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့သတင်း
တရုတ်နယ်စပ်ဂိတ်တွေ မဖွင့်သေးတဲ့အတွက် ကြံစိုက်တောင်သူတွေ အရင်းပါရှုံးရတော့မယ့် အခြေအနေနဲ့ ကြုံနေရတဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ တိုင်းရင်းသား ဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။