အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 19 )
ဧပြီလ ၃ ရက်၊ ၂၀၂၂ ခုနှစ်
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
မတ်လအတွင်း ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီနဲ့ KNLA တို့အကြား တိုက်ပွဲပေါင်း ၃၅၉ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
RCSS အနေနဲ့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူစာချုပ်ကို စွဲကိုင်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ်ရဲ့ နွေဦးတော်လှန်ရေးဟာ ခေတ်အဆက်ဆက်မှာ တော်လှန်ခဲ့ကြတဲ့ စစ်အာဏာရှင်တော်လှန်ရေး တွေ ထက်စာရင် အားလုံးပူးပေါင်းပါဝင်မှုရှိတဲ့အပြင် ဖက်ဒရယ်ရေးနဲ့ပတ်သက်ပြီးတော့လည်း တောင်းဆိုမှုတွေ ရှိလာတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ခွန်းမာကိုဘန်းက ပြောဆိုလိုက်တဲ့အကြောင်းနဲ့အတူ တိုင်းရင်းသား ဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။