အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 18 )
မတ်လ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့ညနေမှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့မှာ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်တွေထဲ စစ်ကောင်စီတပ်နဲ့ ဒေသ အတွင်းရှိ တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ စစ်ဘေးရှောင်တွေကို သွားရောက်ကူညီခဲ့တဲ့ လူငယ်တချို့ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။
ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေဘက်ကို စစ်တပ်က ရိက္ခာပို့မယ့် လမ်းတလမ်း ဖောက်လုပ်ပြီးစီးသွားပြီ လို့ သိရပါတယ်။ ဒီလမ်းဟာ စစ်ရေး နိုင်ငံရေးအရ ဘယ်လောက်အထိအရေးကြီးပါသလဲ KIO တာဝန်ရှိသူနဲ့ ဆက် သွယ်မေးထားပါတယ်။ ဒီသတင်းတွေနဲ့အတူ တိုင်းရင်းသား ဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။