အပတ်စဉ် သတင်း ထုတ်လွှင့်ချက် ( EP - 16)
မတ်လ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
မွန်နဲ့ ကချင်မှာတော့ စစ်ကောင်စီလက်အောက်ခံ ဂိတ်စခန်းတချို့ ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် ရဲတပ်ဖွဲ့ဝင် သေဆုံးမှုတွေလည်း ရှိနေပါတယ်။
KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်ထဲမှာတော့ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံပြည် သူ ၃၇၀၀ လောက် တောတောင်တွေထဲ စစ်ရှောင်နေကြရပါတယ်။
မြန်မာ-တရုတ်နယ်စပ် ဂိတ်ကနေ ဆန်အပါအဝင် မြန်မာ့ပို့ကုန် ၇ မျိုးကို တရုတ်ဘက်ခြမ်းက တင်ပို့ခွင့်ယာယီ ရပ်ဆိုင်းလိုက်တဲ့ သတင်းနဲ့အတူ တိုင်းရင်းသား ဒေသတွေက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက် ပေးသွားမှာပါရှင်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။