အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 22 )
ဧပြီလ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
ထားဝယ်ရှိ Mytel အရောင်းပြခန်း တိုက်ခိုက်ခံရတဲ့သတင်း
ကန်ပက်လက် မတူပီ တိုက်ပွဲများအတွင်း နှစ်ဘက် ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
ကျောက်မီးသွေးတွင်း လုံခြုံရေး စစ်တပ်က ဒေသခံတွေကို အဓမ္မလုပ်အားခိုင်းစေခဲ့ပါတယ်။
ကျောက်စိမ်းမြေမှာ အင်တာနက်ရပြီး နှစ်ပတ်လောက်အကြာမှာ ပြန်ပြတ်သွားတဲ့ သတင်းပေးပို့ချက်တွေနဲ့ အတူ တိုင်းရင်းသား ဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။