အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 23 )
မေလ ၁ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
ရခိုင်ရိုးမတောအတွင်း AA က စစ်သင်တန်းပေးနေတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီက စစ်ကြောင်းထိုး နေပါတယ်။
တင်္နသာရီမြို့နယ်ထဲက တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄ ယောက် ကျဆုံးသွားပါတယ်။
SNLD ပါတီရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ခွန်ထွန်းဦး မနေ့က သေဆုံးသွားတဲ့သတင်း
ဒေသခံတွေကန့်ကွက်နေတဲ့ကြားက ကချင်တိုင်းရင်းသားတွေ တန်ဖိုးထားတဲ့ အင်ခိုင်ဘွမ်တောင်မှာ ဗုဒ္ဓရုပ်ပွား တော် ထပ်ပြီးလာတည်နေတဲ့သတင်း၊
သတင်းပေးပို့ချက်ထဲမှာတော့ CRPH ရဲ့ အုပ်ချုပ်ရေးဖွဲ့စည်းမှုကို KNPP က လက်မခံတဲ့ သတင်းပေးပို့ချက် တွေနဲ့အတူ တိုင်းရင်းသား ဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။