သတင်းထုတ်လွှင့်ချက် (EP - 29)

မေလ - ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။

ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -

တပ်ရင်းမှူး နှုတ်ဆက်ပွဲ ဗုံးကွဲပြီး ပွဲပျက်သွားတဲ့သတင်း

မွန်လွှတ်တော် ဥက္ကဌ ဟောင်း၏ သားဖြစ်သူကို အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်ခံထားရပါတယ်။

ကချင် စစ်ရှောင် ၅၀၀ ကျော် မိမိသဘောအလျောက် နေရပ်ပြန်သွားပါတယ်။

လွိုင်ကော် ဘူတာဝန်း အတွင်း ရန်ဖြစ်သူ လူငယ်များကို စစ်ကောင်စီက ဝင်ပစ်ရာ တစ်ယောက် သေဆုံး သွားပါတယ်။

သတင်းလွှာတွေထဲမှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU ၁ နဲ့ ၆ နယ်မြေထဲက စစ်ရှောင်တွေ သောက်သုံးရေအခက်အခဲကြုံနေရပြီး ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေတဲ့အကြောင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။