သတင်းထုတ်လွှင့်ချက် (EP - 28)

ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -

  • သိမ်ဇရပ်မြို့က တပ်ရင်းစခန်းနဲ့ မြို့မရဲစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ပါတယ်။

  • ပုလောက ဒေသခံ ၁၀ ယောက်ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။

  • ထားဝယ်မှာ PDF အဖွဲ့ဝင်တစ်ယောက်ရဲ့ မိခင် ပစ်သတ်ခံလိုက်ရပါတယ်။

  • သတင်းလွှာတွေထဲမှာတော့ စစ်အာဏာသိမ်းပြီးနောက် ကရင်နဲ့ ကရင်နီမှာ အမျိုးသမီးတွေကို ပေါ်တာနဲ့ လူသားဒိုင်းအတွက် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ပိုများလာနေတဲ့အကြောင်းနဲ့ ပူတာအိုမှာ စစ်အင်အားတိုးချဲ့နေမှုတွေကြောင့် တိုက်ပွဲတွေဖြစ်ပြီး လမ်းတွေပိတ်ကုန်မှာကို ဒေသခံတွေက စိုးရိမ်နေကြတဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။