သတင်းထုတ်လွှင့်ချက် ( EP - 27)

ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -

မွန်ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့ တခြား လက်နက်ကိုင်အဖွဲ့တွေ လွတ်လပ်စွာ ဆွေးနွေးခွင့် စစ်ကောင်စီ သဘောတူလိုက်ပါတယ်။

အာဏာသိမ်းပြီးထွက်ပြေးနေရတဲ့ ကရင် စစ်ရှောင် ၁ သိန်း ၇ သောင်းကျော် ရှိပြီး အကူအညီတွေ လိုအပ်နေတယ်။

ကလောနယ်ခံ နှစ်ယောက် ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားပါတယ်။

သတင်းပေးပို့ချက်တွေထဲမှတော့ ပူတာအိုအနီး စစ်ကောင်စီ ယာဉ်တန်းကို KIA တိုက်ခိုက်ခဲ့တဲ့ သတင်းနဲ့ မင်းတပ်မြို့ထဲက ရွာတစ်ရွာထဲမှာ စစ်ကောင်စီ လက်နက်ကြီးကျည်ကြောင့် ကလေးငယ်တစ်ယောက် ခြေထောက်ပြတ်သွားတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ တိုင်းရင်းသားဒေသတွေထဲက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေး နေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။