သတင်းထုတ်လွှင့်ချက် ( EP - 26 )

ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -

  • မြစ်ကြီးနားမြို့ ရပ်ကွက် ၈ ခုက အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာတင်ထားတဲ့သတင်း

  • တောင်ကြီးမှ CDM ဆရာဝန်ကြီး လင်မယားကို စစ်ကောင်စီဖမ်းဆီးသွားပါတယ်။

  • မွန်ပြည်မှာ မုန်တိုင်းငယ်ကြောင့် အနည်းဆုံး လူတစ်ယောက် သေဆုံးခဲ့ပါတယ်။

  • သတင်းလွှာတွေထဲမှာတော့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း ခိုလှုံရောက်ရှိနေတဲ့
    ကရင်နီ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတဲ့အကြောင်းနဲ့
    အတူ တိုင်းရင်းသား ဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေး နေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။