အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 25 )

မေလ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။

ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -

  • နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူ ၁၈၄၈ ယောက်ရှိပြီလို့ AAPP က ထုတ်ပြန်ထားပါတယ်။

  • ရှမ်း-ကယားအစပ် ဖယ်ခုံမှာ စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွား နေတာ ၅ ဆက်တိုက်ရှိနေပါပြီ။

  • CDM ဝန်ထမ်းတွေကို လုပ်ပြန်ဝင်ဖို့ ပြန်ခေါ်ခြင်းက စစ်ကောင်စီလက်အောက်မှာ ဝန်ထမ်းမလုံလောက်ကြောင်း ပြသနေသတင်း

  • သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီက ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင် တချို့နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု အများစုက ဘာ့ကြောင့် မတက်ကြတာလဲ ဆိုတဲ့အကြောင်းနဲ့အတူ တိုင်းရင်းသားဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေး နေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။