သတင်းထုတ်လွှင့်ချက် (EP - 31)

ဇွန်လ - ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။

ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ ...... တောင်ကြီးမြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဘီးလင်းပစ်ခတ်ဖမ်းဆီးမှု တစ်ခုတွင် လူတစ်ဦး သေဆုံးတဲ့သတင်း။

လက်ပံတောင်း ကြေးနီ စီမံကိန်း အနီး ရွာသား ၂ ဦး သတ်ခံရပြီး နေအိမ် အလုံးရေ ၂၀၀ လောက်
မီးရှို့ဖျက် ဆီးခံလိုက်ရပါတယ်။

အသက် ၁၁ နှစ် အရွယ် အိမ်အကူကို နှိပ်စက်၊ ရေနွေးပူလောင်းသဖြင့် ဆေးရုံတင်ထားရတဲ့
သတင်းတွေကို နားဆင်ရဖို့ရှိနေပါတယ်။

သတင်းလွှာတွေထဲမှာတော့ ဒေါက်တာ အမ်ကောန်လ မြစ်ကြီးနားမှာ အစွဲခံထားရတဲ့ အမှုကနေ
ကွင်းလုံး ကျွတ် လွတ်သွားတဲ့ အကြောင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။