သတင်းထုတ်လွှင့်ချက် (EP - 30)
ဇွန်လ - ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ - မြစ်ကြီးနား အထက်တန်းကျောင်း မီးလောင်မှု ရှို့မီးဖြစ်နိုင်တယ်လို့ မြို့ခံတွေ သံသယရှိနေကြပါတယ်။
ဖားကန့်က ဒေသခံတွေ သွားလာရာမှာ ပြည်သူ့စစ် လက်မှတ် ပြပြီး သွားလာနေရတယ်လို့ ပြောပါတယ်။
ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ ရဲကင်း ထပ်မံ တိုက်ခိုက်ခံရပါတယ်။
လောင်းလုံးမြို့နယ်အတွင်း ကထိက တစ်ယောက်နဲ့ ထွေအုပ်စာရေးမ တစ်ယောက် ပစ်သတ်ခံရပါတယ်။
သတင်းလွှာတွေထဲမှာတော့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ CDF ကန်ပက်လက်တို့အကြား ဇွန်လ ဒုတိယအပတ်က စတင်ပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေသလို CDF ကန်ပက်လက်ရဲ့ စခန်းတစ်ခုကိုလည်း စစ်ကောင်စီက သိမ်းပိုက်လိုက်ပါတယ်။ ဇွန်လ ၈ ရက်နေ့လောက်စပြီး ဇွန်လ ၁၃ ရက်နေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ CDF ကန်ပက်လက် တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီဘက်ကလည်း ကျဆုံးမှုတွေ ရှိနေပါတယ်။ ဒီအကြောင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။