သတင်းထုတ်လွှင့်ချက် (EP - 34 )
ဇူလိုင်လ - ၉ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ကော့သောင်းမှာ PDF တစ်ယောက် ဖမ်းပေးရင် ၁၅ သိန်းပေးမယ်လို့ ကြေညာထားပါတယ်။ ဖမ်းဆီးခံ ဘီးလင်းအမတ် အလောင်းအဖြစ် ပြန်တွေ့ခဲ့ပါတယ်။ ပါတီ ရှင်သန်ရေးအတွက် SNLD ဆက်လက် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တို့ရဲ့ လက်ချက်ကြောင့် ဇွန်လတစ်လအတွင်း အရပ်သား ပြည်သူ ၁၂ ယောက် သေဆုံးခဲ့တယ်လို့ KNU ပြောပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ဂန့်ဂေါမြို့နယ်အတွင်း စစ်တပ်က အမျိုးသမီး တစ်ယောက်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့အပြင် အမျိုးသား ၇ ဦးကိုလည်း သတ်သွားတဲ့ အကြောင်းတွေကို နားဆင်ရဖို့ရှိနေ ပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။