သတင်းထုတ်လွှင့်ချက် (EP - 33 )
ဇွန်လ - ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ ...... ပင်းတယ စစ်ဆေးရေးဂိတ်ပစ်ခတ်ခံရမှုမှာ အရပ်သား ထိခိုက်မှုရှိခဲ့ပါတယ်။
ရေးမြို့က တံတားဂိတ် ပစ်ခတ်ခံရမှုမှာတော့ စစ်သား ၁ ယောက်ပါအဝင် ပျူစောထီး ၅ ယောက် သေဆုံးခဲ့တယ် ဆိုတာနဲ့
မွန်ပြည်နယ် ရေးမြို့မှာ မီတာခစျေးတက်လာတဲ့ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းပေးပို့ချက်တွေထဲမှာတော့ ညောင်လေးပင်ခရိုင်တွင် နေ့တိုင်းနီးပါး တိုက်ပွဲ ဖြစ်နေတဲ့အကြောင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။