သတင်းထုတ်လွှင့်ချက် ( EP - 37 )
ဇူလိုင်လ - ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ ... ရခိုင်ပြည်နယ် မောင်တောမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အရပ်သားတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မြိတ်(ဘိတ်)မြို့က CDM ဆရာ/ဆရာမ ၃ ယောက်ကို စရဖနဲ့ ရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ရခိုင်ပြည်နယ်၊ ကျောက်တော်က အရပ်သား ၃ ယောက်ကိုစစ်တပ်က ဖမ်းဆီးသွားပြီးနောက် ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုလိုက်တဲ့အကြောင်းတွေကိုနားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။