သတင်းထုတ်လွှင့်ချက် ( EP - 36)

ဇူလိုင်လ - ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။

ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ ... ဖားကန့်မှာ KIA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်နဲ့ မိုင်းနောင်မှာတော့ RCSS/SSA နဲ့ SSPP/SSA တို့အကြားတိုက်ပွဲ တွေဖြစ်ပွားနေပါတယ်။

ဒီးမော့ဆိုက စစ်ရှောင်စခန်းတစ်ခုမှာ ဆန်ရိက္ခာပြတ်တောက်မှုတွေ ရှိလာပါတယ်။

သတင်းပေးပို့ချက်တွေထဲမှာတော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က ဖွဲ့စည်းလိုက်တဲ့ အမျိုးသမီးကာကွယ်ရေးတပ်ခွဲ အကြောင်း စတာတွေကို နားဆင်ရဖို့ရှိပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။