သတင်းထုတ်လွှင့်ချက် ( EP - 38 )
ဇူလိုင်လ - ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ ... ရှမ်းမြောက် ကွတ်ခိုင်မှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အကြား တိုက်ပွဲတွေ
ဖြစ်ပွားနေပါတယ်။
ဖားကန့်မှာ မြေစာပုံပြိုကျခဲ့လို့ ရေမဆေးကျောက်သမား နှစ်ယောက် သေဆုံးသွားတဲ့သတင်းနဲ့ သံဖြူဇရပ်က NLD မြို့နယ် အလုပ်အမှူဆောင်ရဲ့ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်လိုက်ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ရှမ်းမြောက် ကျောက်မဲက စစ်ရှောင် ၅၀၀ ကျော် အိမ်ပြန်လို့ မရသေးတာကြောင့် ရှမ်းတောင် ဟိုပုံးမှာ အခြေချဖို့ စီစဉ်လိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။