သတင်းထုတ်လွှင့်ချက် ( EP - 39 )
ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ - - - နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို သေဒဏ်ပေး ကွပ်မျက်လိုက်တဲ့အပေါ် ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ချင်းမိုင်မှာရှိတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။
ဝိုင်းမော် ပြည်သူ့စစ်စခန်းကို KIA ဝင်ရောက်တိုက်ခိုက်ခဲ့တာနဲ့ ရေးမြို့က ရဲစခန်းကို ရေးဘီလူးအဖွဲ့ ဝင်တိုက်ရာ ရဲသုံးယောက် သေသွားတဲ့သတင်းတွေကို ပြောပြပေးမှာပါ။
သတင်းပေးပို့ချက်တွေထဲမှာတော့ နိုင်ငံရေး အကျဉ်းသားတွေကို သေဒဏ်ပေး သတ်ဖြတ်လိုက်တဲ့ စစ် ကောင်စီရဲ့ လုပ်ရပ်တွေ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့ က ပြောဆိုလိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။