သတင်းထုတ်လွှင့်ချက် - ( EP - 42 )
ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ ..... ဧရာဝတီတိုင်းထဲမှာ မိဘမဲ့ ကလေးတွေကို တပ်ထဲဝင်ဖို့ သွေးဆောင်စည်းရုံးနေပါတယ်။ KNU ဥက္ကဌ PPST ဦးဆောင်နာယက လုပ်မယ်လို့ ပြောဆိုလိုက်ပါတယ်။KNLA-PC၊ DKBA နဲ့ မွန်ပြည်သစ်တို့ စစ်ကောင်စီနဲ့ ဒုတိယ အကြိမ်တွေ့မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။စက်လှေတွေကို အဓိကအားထားရတဲ့ အင်းလေးဒေသမှာ ဆီဈေးတက်လို့ စက်လှေအများစု ရပ်နားထားရတဲ့သတင်းတွေကို နားဆင်ရမှာပါ။
သတင်းလွှာထဲမှာတော့ ရှမ်းမြောက်၊ ကွတ်ခိုင်၊ မုံးစီးဒေသက စစ်ရှောင်တွေ WFP ကထောက်ပံ့မှုတွေ ရပ်တန့်လိုက်တဲ့အတွက် ကြုံနေရတဲ့ အခက်အခဲတွေ အကြောင်း နားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။