ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းက စိန်လုံ ဆိုတဲ့ စုပေါင်းစစ်ဆေးရေးဂိတ်ကနေ နေ့စဉ်ဖြတ်သန်းနေတဲ့ သစ်၊ ကျောက်စိမ်း၊ မူးယစ်ဆေး စတဲ့ မှောင်ခိုလုပ်ငန်းတွေမှာ စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာတွေ ဘယ်လို ပါဝင်ပတ်သက်နေလဲ၊ ဖမ်းမိတဲ့မှောင်ခိုပစ္စည်းတွေ ဘာဆက်ဖြစ်သွားလဲ၊ နိုင်ငံ့သယံဇာတွေကို ဘယ်သူတွေက ခေါင်းပုံဖြတ်အမြတ်ထုတ်နေလဲ စတာတွေကို ဒီတပတ်ရဲ့ "ပြည်သူ့စစ်သားရင်တွင်းစကား" အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။