ဒီတပတ်စနေသတင်းစကားဝိုင်းမှာ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ တရားဝင်အသိအမှတ်ပြုခံလိုက်ရတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အစိုးရသစ်ဟာ အာဆီယံနဲ့ ကုလသမဂ္ဂတို့ဆီ နေရာပြန်ရယူရေး ခြေလှမ်းတွေ လှမ်းလာတာ၊ တဖက်မှာလည်း တော်လှန်ရေးအဖွဲ့အချင်းချင်းကြား စည်းလုံးညီညွတ်မှု မရှိသေးတာတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်နဲ့ မေးမြန်းဆွေးနွေးထားပါတယ်။