ကွယ်လွန်သူဂီတအနုပညာရှင် ထူးအိမ်သင် ရေးသားပြီး အဆိုတော် မွန်းအောင်နဲ့ အဖွဲ့က သီဆိုခဲ့တဲ့ အရေးကြီးပြီသီချင်းဟာ စစ်တပ်ပိုင် စစ်ချီသီချင်းဆိုပြီး စစ်တပ်ဝါဒဖြန့် မြဝတီရုပ်သံလိုင်းက လိမ်ညာထုတ်လွှင့်သွားတဲ့အပေါ် မြန်မာ့ခေတ်ပေါ်ဂီတကို လေ့လာသူတဦးဖြစ်သူ ကိုငြိမ်းချမ်းအေးနဲ့ ဒီတပတ်စနေသတင်းစကားဝိုင်းမှာ တွေ့ဆုံဆွေးနွေးထားပါတယ်။