ဒီအပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ လျှပ်စစ်ရထားအိပ်မက် တကယ်အကောင်အထည် ပေါ်လာမှာလား၊ မြန်မာနိုင်ငံသားတွေရဲ့ ရင်ကို ကြိမ်မီးအုံးမျှ လောင်ကျွမ်းခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့က မီး၊ အရင်ကလိုပဲ အခု အာဏာသိမ်းစစ်ကောင်စီကိုလည်း Economic Sanctions စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာတွေ ပြန်လုပ်လာတော့မလား စတဲ့အကြောင်းအရာတွေကို ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ သဇင်လှိုင်နဲ့ အောင်သီဟတို့က ဆွေးနွေးတင်ပြထားကြပါတယ်။