ဒီတပတ် နားထောင်ရမယ့် အကြောင်းအရာတွေကတော့ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည် တရားခွင်မှာ သက်သေအဖြစ် ပေါ်လာသူ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၊ နိုင်ငံတဝှမ်း လက်နက်ကိုင် မငြိမ်မသက်မှုတွေကြောင့် ကိုယ့်နေအိမ် ကိုယ့်နေရပ်ကို စွန့်ခွာ ထွက်ပြေးနေရတဲ့ ကလေးငယ်တွေအကြောင်းနဲ့ နွေဦးတော်လှန်ရေးထဲက အဆိုတော်ကျားပေါက် အင်တာဗျူးတို့ပါ။ ဧရာဝတီဝိုင်းတော်သားတွေ ဖြစ်တဲ့ ရဲနည်၊ သဇင်လှိုင်နဲ့ ယူဖြူဟန်တို့က ဆွေးနွေးတင်ပြထားကြပါတယ်။