ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အဓမ္မ ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့၊ ကမ္ဘာ့ဘဏ်က မခန့်မှန်းနိုင်တော့တဲ့ မြန်မာ့စီးပွားရေးနဲ့ မြန်မာ့လက်နက်ကိုင်ပုန်ကန်မှုအကြောင်း အစီရင်ခံစာရေးသားသူ ကိုရဲမျိုးဟိန်းနဲ့ အင်တာဗျူး ဒုတိယပိုင်းတွေကို နားဆင်ကြရပါမယ်။