တော်လှန်ရေးတစ်ခု အောင်မြင်ဖို့၊ ဒါမှမဟုတ် တိုင်းပြည်တစ်ခုရဲ့ ကောင်းမွန်လှပတဲ့ အနာဂတ်ကို ပြောင်းလဲပုံဖော်ဖို့ ပေးဆပ်ရတဲ့ အရင်းအနှီးက ကြီးမားသလို ပါဝင်ဆောင်ရွက်ရတဲ့ ကဏ္ဍတွေကလည်း စုံလင်ပါတယ်။ ဒီနေရာမှာ အနုပညာကုန်ပစ္စည်းတွေရဲ့ အခန်းကဏ္ဍကလည်း အသိအမြင်ပွင့်လင်းရှင်သန်ထွန်းကားရေးအတွက် အရေးပါတယ်။ အနုပညာရှင်မျိုးစုံကလည်း ကျွမ်းကျင်တဲ့ နေရာအလိုက် ပုံစံမျိုးစုံနဲ့ သရုပ်ဖော်ကပြရင်းခေတ်သမိုင်းကို ရေးထိုးကြပါတယ်။ ကာတွန်း၊ စာစောင်၊ ဂီတ၊ ကဗျာ အမျိုးအစားအစုံအလင်ထဲမှာမှ ဒီတခါ စစ်ရဲ့ ဘေးထွက်ဆိုးကျိုး adverse effects တွေကို ဖော်ကျူးထားတဲ့ ကဗျာလေးတစ်ပုဒ်ကို ရွတ်ပြချင်ပါတယ်။
ကျနော့်ရဲ့ Podcast အသံဖမ်းတင်ဆက်မှုလေးတွေအပြင် အခြားလုပ်ဆောင်မှုတွေအားလုံးကို ကြည့်ရှုဖို့နဲ့ ကျနော်နဲ့ ဆက်သွယ်ဖို့ ကျနော့်ရဲ့ ကိုယ်ပိုင် Website: zawnyeinaye.com ကို ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။