ယူကရိန်းနယ်တွေကိုသိမ်းပိုက်ပွဲ ကရင်မလင်မှာ အကြီးအကျယ်ပြုလုပ်ဖို့ရှိ

  • ယူကရိန်း ၄ နယ်ကို ရုရှားထဲ ဆွဲသွင်းတဲ့ လက်မှတ်ထိုးပွဲ အခမ်းအနား ပူတင်ဒီနေ့ ပြုလုပ်မယ်၊ အရေးကြီးတဲ့ မိန့်ခွန်းလည်း ပြောဖို့ စီစဥ်ထား
  • ကရင်မလင်လက်မှတ်ထိုးပွဲ ကုလပဋိဉာဥ်ကို ဖောက်ဖျက်တယ်လို ကုလအတွင်းရေးမှူးချုပ် ဂူတားရက်စ် ကန့်ကွက်၊ နောက်ဆုတ်ဖို့ တောင်းဆို
  • တန့်ဆည်နယ်ထဲ စစ်ကောင်စီ စစ်ကြောင်းတွေ ဆက်လက် မွှေနှောက်
  • ဘီဘီစီ အာရေဘစ်ဘာသာစကားဌာနရဲ့ ထုတ်ဖော်ချက်အရ အီရတ်ထဲ ဗြိတိသျှ ကုမ္ပဏီ BP အများစုပိုင်တဲ့ ရေနံလုပ်ကွက်ကနေ ကလေးတွေကို ကင်ဆာဖြစ်စေတဲ့ ဓာတု အဆိပ်အတောက် ဓာတ်ငွေ့တွေ ထုတ်လွှတ်နေ၊ ပတ်ဝန်းကျင်မှာ လူတွေ ကင်ဆာ ဖြစ်ကြတာ ရာသီပေါ် တုတ်ကွေးကူးခံရသလောက်ကို များလှတယ်လို့ဆို ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။

မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com