ကြာသပတေးနေ့ မနက်ခင်း သတင်းများ (၂၂ ဒီဇင်ဘာ၊ ၂၀၂၂)မြန်မာနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်မူကြမ်း ကုလလုံခြုံရေးကောင်စီ အတည်ပြု။၂၀၂၃ ခုနှစ်မှာ စစ်ရေးနိုင်ငံရေး အချိုးအကွေ့ဖြစ်လာနိုင်တယ်ဆိုတဲ့ အန်ယူဂျီ ယာယီသမ္မတ ပြောဆိုချက် ဘာအဓိပ္ပာယ်ကို ဆောင်ပါသလဲ။တန့်ဆည်မြိုနယ်ထဲက ရွှေလံနဲ့ ငတန်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့လို့ ဒေသခံတွေပြော။မန္တလေးတိုင်းဝန်ကြီးချုပ်အမှုတွေကို လိုက်ပေးတဲ့ ရှေ့နေ ဦးတင်ဝင်းအောင်ကို ထောင် ၁၀နှစ် အမိန့်ချ။ရခိုင်ပြည်နယ်ဘူးသီးတောင်မှာ ဆင်နင်းလို့ လူနှစ်ဦးသေ။ယူကရိန်းသမ္မတ ဇလန်စကီး အမေရိကန်ရောက်။ စစ်အသုံးစရိတ်နဲ့ပတ်သက်ပြီး အကန့်အသတ်မရှိဘူးလို့ ရုရှားသမ္မတပြော။ တရုတ်ကိုဗစ် ကူးစက်မှုစိုးရိမ်တယ်လို့ WHO ပြော။မလေးရှားမှာ ရေကြီးလို့ လူ ခုနှစ်သောင်းကျော်ပြောင်းရွှေ့ရ။ချန်ပီယံလိဂ်ဖလားမရရင် ကလပ်အသင်းမှာရှိတဲ့အချိန်တွေ ပြီးပြည့်စုံမှုမရှိဘူးလို့ မန်စီးတီး နည်းပြပြော။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858ယူကျု - http://youtube.com/thebbcburmeseအင်စတာဂရမ် - https://www.instagram.com/bbcburmese/ဝက်ဘ်ဆိုက် - https://www.bbcburmese.com#ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်