စနေနေ့ မနက်ခင်း သတင်းများ (၂ ဧပြီ၊ ၂၀၂၂)
မြစ်ကြီးနားမှာ နိုင်ငံသားစိစစ်ရေးကတ်မှတ်ပုံတင် မူရင်း ကိုင်ဆောင် မထားရင် ကားလက်မှတ် ဝယ်မရ။
ရေနဲ့ စားနပ်ရိက္ခာရှားပါးတာတွေ ကြုံနေရတဲ့ ယင်းမာပင် ကနီဘက်က ဒေသခံတွေရဲ့ အခြေအနေဘယ်လို ရှိပါသလဲ။
မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်ဟောင်းတွေကို အဂတိအမှုတွေ အတွက် တရားရုံးထုတ် စစ်ဆေး အမိန့်ချ။
HIV/AIDSစောင့်ရှောက်ရေးဂေဟာကနေ ဖမ်းဆီးသွားခဲ့တဲ့ ဂေဟာ တာဝန်ခံ ကိုရာဇာကို အကြမ်းဖက်မှု ဥပဒေနဲ့ တရားစွဲ။
ယူကရိန်းမာရီယိုပိုးလ်မှာနေတဲ့သူတွေကို အကူအညီတွေ ပေးဖို့နဲ့ ထွက်ခွာခွင့်ရဖို့ ကြိုးပမ်းချက်မအောင်မြင်။
ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုကနေ ရှောင်လွဲဖို့ ကူညီရင် တရုတ် နာမည်ပျက်မယ်လို့ အီးယူပြော။
၂၀၂၂ ကာတာမှာ ကျင်းပမယ့် ကမ္ဘာဖလားအုပ်စုမဲနှိုက်။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com