- မြောက်ကိုရီးယားအနေနဲ့ နျူလက်နက်ဖျက်ရမယ် ၊ အဲ့လိုဖျက်သိမ်းတာကို စစ်ဆေးခံနိုင်ရမယ်ဆိုတဲ့ ကုလအကြီးအကဲပြောကြားချက်ကို လက်မခံနိုင် ၊ မျှတမှု မရှိ ဘက်လိုက်တယ်လို့ မြောက်ကိုရီးယား၀ေဖန်
- စစ်ကိုင်းက မှတ်တမ်းဓါတ်ပုံဆရာ ဖမ်းဆီးခံရပြီးနာရီပိုင်းအတွင်း သေဆုံးမှု စုံစမ်းစစ်ဆေးပေးဖို့ ကုလကိုတောင်းဆို
- မြ၀တီမှာ ငွေလဲလုပ်ကိုင်သူတွေကို စစ်ကောင်စီတပ် ၀င်ဖမ်းလို့ လူတွေနဲ့အတူ ငွေတွေ ၊ ငွေရေစက်တွေပါ သိမ်းသွား
- ၀ိုင်းမော်မြို့က ဆဒုံမှာ ကေအိုင်အေနဲ့ စစ်ကောင်စီ တိုက်ပွဲ ထပ်ဖြစ်လို့ စစ်ရှောင်အရေအတွက် ရာနဲ့ချီတိုးလာနေ
- စပါးနဲ့ ချယ်လ်စီး ပွဲမှာ ၂ဂိုးစီ သရေဖြစ် ၊ မန်နေဂျာနှစ်ယောက် ကွင်းထဲက ထုတ်ခံရတဲ့ အကြောင်းတွေ အပါအ၀င် တနင်္လာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။
မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862
ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858
ဝက်ဘ်ဆိုက် - https://www.bbcburmese.com
ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese
အင်စတာဂရမ် - https://www.instagram.com/bbcburmese/
ယူကျု - http://youtube.com/thebbcburmese